Wednesday, July 14, 2010

Myanmar Actress Pann Phyu's Interesting news





မင်းသမီးတွေ အမှုဇြစ်နေကြတဲ့ခေတ်မှာ မင်းသမီး ပန်းဖြူ ရဲ့အမှု့အကြောင်း
သတင်းကြားပြီးပြီလား။ သူ့အပေါ်ယုတ်မာ ရက်စက်မိုက်ရိုင်းသွားတဲ့
ကိုဇော်ဝင်းရှိန် ဆိုတဲ့သူကို ပြစ်မှု့ပုဒ်မ ၄၁၇ နဲ့ တရားစွဲထားတာတဲ့လေ။
ဇော်ဝင်းရှိန် ဆိုတာသိလား ?။ ဟိုတစ်လောက DVB မှာ ပေါ်ပြူလာဖြစ်တဲ့၊
ကမ္ဘာအေးဘုရားလမ်းပေါ် က နံမည်၈လုံးနဲ့လူကြီးသား နဲ့ ရှယ်ယာစပ်တူဖွင့်ပြီး၊
ကမန်းကတန်း ပြန်ဖျက်လိုက်တဲ့၊ 7 LEKKER COFFEE SHOP ပိုင်ရှင်၊ DELTA UNITED
ဘောလုံးအသင်း ရဲ့ ဥက္ကဌ ဟောင်း ၊ဧရာဟင်္သာ ကုမ္ပဏီ ပိုင်ရှင်ဆိုတဲ့ လူတစ်ယောက်နဲ့
၂၀၀၂ ခုမှာ စတင်ပြီး ချစ်သူတွေ ဖြစ်ခဲ့ကြတယ်တဲ့။ ၂၀၀၃ ခုနှစ်ထဲလည်းရောက်ရော
ဇော်ဝင်းရှိန်ရဲ့ လက်ထပ်ကြမယ် ဆိုတဲ့ စကားကို ယုံကြည်ပြီး
အတူအိပ်ဖြစ်ကြရောတဲ့။ အဒီအချိန်တုန်းက ဇော်ဝင်းရှိန်က လမ်း ၂၀၊ အမှတ် ၁၂၃
ဆိုတဲ့ တိုက်ခန်းကျဉ်းကျဉ်း စုတ်စုတ်လေးထဲမှာ မောင်နှမတွေ အများကြီးနဲ့
တိုးဝှေ့နေရတာ။အဲဒီတော့ ပန်းဖြူနဲ့ဇော်ဝင်းရှိန်တို့ဟာ
နှစ်ယောက်အတူအမြန်နေရဖို့၊ ပိုက်ဆံစုကြတယ်တဲ့။

သိပ်တောင်မကြာလိုက်ပါဘူး။ဇော်ဝင်းရှိန်
ချမ်းသာလာတယ်တဲ့။ပိုက်ဆံတွေအများကြီးစုမိလာ တယ်တဲ့။ဘယ်လိုကြောင့်
ချမ်းသာလာသလဲဆိုရင် ဇော်ဝင်းရှိန်က တရားမ၀င်တဲ့ တင်သွင်းမှုတွေ၊
ဥပဒေနဲ့မလွတ်ကင်းတဲ့ပစ္စည်းတွေကိုနယ်စပ်ကနေခိုးသွင်းလာတာရယ်၊သူ့အဖေဦးသန်းစိန်ကဟင်္သာတမြို့
မှာရှိတဲ့ ရွာလေးတစ်ရွာက ရိုးသားတဲ့သူတွေဆီက ရွှေတွေကို ကလိမ်ကကျစ် လိမ်ယူပြီး၊
ရန်ကုန်မှာ ရှောင်ပုန်းရင်း ကြာဆံစက်တွေလုပ်တာကြောင့်တဲ့။ တို့
မြန်မာလူမျိုးတွေက အရာရာကို ခွင့်လွတ်စိတ်၊ သူ့အကုသိုလ်သူ ခံလိမ့်မယ်ဆိုတဲ့
စိတ်တွေနဲ့တရားမစွဲခဲ့ကြဘူးပေါ့။

ဇော်ဝင်းရှိန်တို့က မြန်မာတွေမဟုတ်ဘူး။ တရုတ်ပြည် ၊ ဖုကျန့်ပြည်နယ်ကနေ
သူ့မိဘတွေကို လိမ်လည်မှုနဲ့ လိုက်ဖမ်းလို့ မြန်မာပြည်ထဲဝင်ပြီးပြေးပုန်းနေတဲ့
တရုတ်တွေ။ အဲဒီတော့ လုပ်ရဲကိုင်ရဲနဲ့ ငရဲမကြောက်တာ မဆန်းဘူးပေါ့။
နောက်တော့ဇော်ဝင်းရှိန်ဟာ မြန်မာပြည်ရဲ့ အချမ်းသာဆုံး (၁၀)ဦး စာရင်းဝင်
ဖြစ်သွားရော။ ဒီတခါကြီးပွားပုံကတော့ နည်းနည်းဆန်းတယ် ပြောရမလားပဲ။ မြန်မာပြည်က
အခွင့်အာဏာရှိတဲ့ လူကြီးတွေဆီကို လက်ဆောင်ပဏ္ဍာတွေပေး၊ လူကြီးတွေသွားမဲ့
လမ်းကြောင်းတွေမှာ သူကကြိုရောက်ပြီး ရေ၊မီးအစုံ စီစဉ်ပေးတယ်တဲ့။ တစ်လောက
နာမည်ရှစ်လုံးနဲ့အာဏာရှိတဲ့လူကြီး စင်ကာပူမှာဆေးသွားကုတော့ လေဆိပ်မှာ
မက်စ်အချိုရည်ပိုင်ရှင် ဦးဇော်ဇော်နဲ့ ဇော်ဝင်းရှိန်တို့ဟာ နာမည်ရှစ်လုံးနဲ့
လူကြီးရဲ့ အ၀တ်ထုတ်ကို သူဆွဲမယ်၊ ငါဆွဲမယ်နဲ့ လုဆွဲနေကြတာ ဣနြေ္ဒပျက်လွန်းလို့
စင်ကာပူလေဆိပ်မှာတွေ့လိုက်ရတဲ့ ဗမာတွေခင်မျာ သူတို့ကိုအင်မတန်လိမ်မာပြီး၊
လူကြီးရိုသေလိုက် ကြတာလို့သာဓုခေါ်မယ်မှမကြံသေးဘူး၊ ဇော်ဝင်းရှိန်ဆိုတဲ့လူက
သူ့မိခင်ကို လူရှေ့သူရှေ့မှာတောင်
ဆဲဆိုနေကြပဲဆိုတာ သိလိုက်ရပြန်ရော (ကိုယ်မိခင်ကို ခုနလူကြီးတွေရဲ့
(၁၀)ပုံ(၁)ပုံပဲ ကောင်းပါဦး လားနော်)။

သူပိုင်တဲ့ ဧရာဟင်္သာကုမ္ပဏီမှာဆိုရင်လည်း ခုနကလူကြီးသားတွေ၊
ဝန်ကြီးသားတွေ၊ရန်ကုန်တိုင်း အတွင်းရေးမှူးရဲ့သားတွေကို ရှယ်ယာတွေ
အလကားပေး၊(တစ်ခုခုတော့ ပြန်ရမှာပေါ့လေ)၊ ဒါရိုက်တာ နေရာတွေပေးနဲ့ပေါ့။
ကုမ္ပဏီကို စာရင်းစစ်တွေလာစစ်တော့မယ့် သတင်းကြားရင်
ကုမ္ပဏီရဲ့ကွန်ပျူတာ တွေကို ဟက်ဒစ်တွေ အလုံးလိုက်ချိန်းပစ်လိုက်ရောတဲ့။
ဆေးရုံတွေဆောက်၊ ဈေးတွေဆောက်နဲ့ ဟော အခုလဲ ဟင်္သာတမြို့မှာ ရှော့ပင်းစင်တာပါတဲ့
ကားအဝေးပြေးကွင်းဆောက်မလို့တဲ့။ သိန်းပေါင်း သုံးသောင်းကျော်တန် ဆိုပဲ။
တကယ်တော့ အဲဒီမြေနေရာတွေဟာ လယ်သမားတွေဆီက လယ်ယာမြေ တွေကို အခွင့်အာဏာရှိတဲ့
ခုနက ပုဂ္ဂိုလ်တွေ တိုင်းမှူးတွေရဲ့ အာဏာကိုယူသုံးပြီး၊ မတန်တဆဈေးနှိမ်လို့
ဝယ်ထားတာတွေလေ။ ရိုးသားတဲ့ တောသူတောင်သားတွေဟာ မျက်ရည်စက်လက်နဲ့ကြည့်နေရ
တော့တယ်တဲ့။

ပန်းဖြူကတော့ ဒီအကြောင်းတွေကို အစက မသိခဲ့ဘူးလေ။ ရိုးသားတဲ့
ဖိုးသခွားလို့ပဲထင် ခဲ့တာ။ ပိုက်ဆံအဆင်ပြေလို့ လက်ထပ်မယ်လည်းဆိုရော
ဇော်ဝင်းရှိန်က မယူနိုင်ဘူးဖြစ်ရော။ သူငယ်ချင်း အပေါင်းအသင်းတွေက အဲဒီကျမှ
ဖွင့်ပြောလို့ အကြောင်းစုံကို သိလိုက်ရတယ်တဲ့။
အဆင်မပြေခင်တုန်း ကတော့ ပန်းဖြူဆီကနေ ဇော်ဝင်းရှိန် ကလူကိုတင်မဟုတ်ဘူး ။
ယူသွားတာတွေ ရှိသေးတယ်တဲ့။ (ချူစားတာနေမှာပေါ့)။
စီးပွားရေးအဆင်ပြေသွားတော့၊ကန်ထုတ်ပြီလေ။ အစောပိုင်းတုန်းကပန်းဖြူ ကလည်း
သည်းခံပါတယ်။ဖူးစာမပါလို့မပေါင်းရဘူးလို့ မှတ်တယ်တဲ့။ ဒါပေမယ့်
သည်းခံခွင့်လွှတ်တတ်တဲ့ သူတွေ ကို ခေါင်းပေါ်တတ်နင်းနေတာဟာဇော်ဝင်းရှိန်ရဲ့
ထုံးစံဖြစ်နေပြီဆိုတော့၊ ပန်းဖြူကို ယုတ်မာ
ရိုင်းစိုင်းတဲ့စကားတွေနဲ့ကျေးဇူးတွေကိုမေ့၊ ပါးစပ်အရသာခံပြီး၊
သူ့ပတ်ဝန်းကျင်မှာမဟုတ်တာတွေ ပြောပါရောလား။ ဒါကိုပန်းဖြူ ပြန်ကြားတော့၊
ဖုန်းဆက်ပြီး၊ဆက်မပြောဖို့၊ ရပ်ဖို့ပြောတယ်တဲ့။ ဒါပေမယ့် သကောင့်သား က မရပ်ဘဲ၊
ပို ပိုဆိုးပြီးပြောတော့၊ပန်းဖြူက သည်းမခံနိုင်တဲ့အဆုံး၊ ဆက်ပြီး
မိုက်ရိုင်းတဲ့ အပြုအမှူတွေ၊ အပြောအဆိုတွေ ထပ်လုပ်နေမယ်ဆိုရင်
တရားစွဲတော့မယ်လို့ပြောလိုက်တယ်တဲ့။
သူတို့လိုငွေရှင်၊ ဓနရှင်တွေကပြောရင်၊ သူ့တို့ပတ်ဝန်းကျင်က
လက်ခံယုံကြည်ကြတာမို့လို့တဲ့လေ။

အဲဒီမှာ ဇော်ဝင်းရှိန် ကဘာပြန်ပြောသလဲ ဆိုရင်၊
တရားစွဲချင်လည်းစွဲပေါ့တဲ့။ငါကတော့ဂရု မစိုက်ဘူးတဲ့။ ငါ့မှာ ကူညီပေးမယ့်
အာဏာရှိတဲ့ ပုဂ္ဂါလ်တွေ အများကြီးရှိတယ်။ပါးပါးမလုပ်နဲ့၊ထူထူလုပ်။ ငါပိုင်တဲ့
လူကြီးတွေက ပေါ့သေးသေးမဟုတ်ဘူးတဲ့။ အဲဒီတော့ ပန်းဖြူ ကပြန်ပြောတယ်။
အမှန်တရားကို ဘယ်သူ့မှ မျက်ကွယ်ပြုလို့ မရဘူး။ အမှားကိုအမှန်လုပ်လို့
မရဘူး။တရားဥပဒေဆိုတာရှိတယ် ဆိုပြီး ပြန်ပြောလိုက်တယ်တဲ့။ ဒါပေမယ့် ပန်းဖြူခမျာ
သူ့ထင်မြင်ချက်တွေလွဲမှားတယ် ဆိုတာ တကယ် တရား ရင်ဆိုင်ရတော့မှသိသွားရတယ်လေ။
တရားဥပဒေအပေါ်မှာ အာဏာရှိတဲ့
ပုဂ္ဂါလ်တွေအများကြီးတတ်ထိုင် နေကြတာဘဲလေ။

ဇော်ဝင်းရှိန် ဘက်ကပန်းဖြူနဲ့ ကာမလည်းမဆက်ဆံဖူးဘူး။ ရည်းစားလည်း
မဟုတ်ဘူး။ ဘယ်တုန်းကမှ ဘယ်လိုအကြောင်းနဲ့မှမပတ်သတ်ဖူးဘူးလို့ငြင်းတယ်လေ။
နောက်တော့မြို့နယ် တရားသူကြီးက ပန်းဖြူ ကိုသူ့ရုံးခန်းထဲ ခေါ်ပြောတယ်တဲ့။
နစ်နာကြေးဆိုပြီးတောင်းပြီး၊ ကျေအေးလိုက်ပါလားတဲ့။အမှု့ကို
စစ်ကြည့်ပြီးတဲ့အခါမှာ၊ ပန်းဖြူဘက် ကမှန်ကန်တယ်။ သက်သေ ပြည့်စုံတယ်ဆိုတာ
သိတယ်တဲ့။ဒါပေမယ့် သူတို့မှာမလွန်ဆန် နိုင်တဲ့ ဖိအားတွေရှိတယ်တဲ့။ သူတို့
ရာထူးလေး ပြုတ်သွားမှာစိုးလို့၊ အမှန်တရားဘက်ကနေ ရပ်တည်မပေးနိုင်တဲ့အတွက်စိတ်မ
ကောင်း ဖြစ်ရတယ်တဲ့။ ပန်းဖြူ ကပြန်ပြောလိုက်တယ်၊
ပိုက်ဆံလိုချင်လို့စွဲတာမဟုတ်ဘူး၊ ဥပဒေမဲ့စိတ်ထင်တိုင်း ယုတ်မာနေတဲ့
သူတစ်ယောက်ကိုတရားဥပဒေနဲ့ အညီ အမှန်တရားအတိုင်းအပြစ်ပေးစေချင်တာပါလို့
ပြန်ပြောလိုက်တယ်တဲ့။

နောက်တော့အဲဒီ မြို့နယ်တရားသူကြီး က
စွဲချက်တင်သင့်၊မတင်သင့်အမိန့်ကို ဘယ်လို ကောက်ချက်ချသလဲဆိုတော့၊
နှစ်ယောက်သားချစ်သူဘာဝဖက်လှဲတကင်း ရိုက်ထားတဲ့ဓါတ်ပုံတွေကိုရိုးရိုး
သားသားခင်မင်မှုပုံစံတဲ့ (ဟုတ်၊မဟုတ်စဉ်းစားလို့ရအောင် ဓါတ်ပုံတွေပါ
ကြိုးစားရှာပြီးတင်ထားတယ်)၊ ဟိုတယ်မှာ နှစ်ယောက်အတူ တစ်ခန်းတည်း၊ နေတာကို
တွေ့တဲ့လူသက်သေ ကိုလည်း၊ တစ်ခန်းတည်း
နေတာကိုတွေ့တာဘဲရှိတာတဲ့၊ sexual လုပ်တာကို တွေ့တာ မဟုတ်ဘူးတဲ့။(ချစ်သူတွေ၊
စိတ်မထိန်း နိုင်လို့ အတူနေမယ်ဆိုရင်၊ ပတ်ဝန်းကျင်ကို Live Show
ပြထားရမယ်ထင်တယ်နော်)။ အဆိုးဆုံးက မရိုသေ့စကား၊ ဇော်ဝင်းရှိန် ရဲ့ ဖွားဖက်တော်
က အမှတ်အသားကို ပြောတာကိုလည်း၊ ထည့်သွင်း
မသုံးသပ်ဘူး။ (ကြည့်ရတာ ဇော်ဝင်းရှိန် က လူတကာကို သူ့ဖွားဖက်တော်
လှန်ပြနေကျထင်တယ်။)

နောက်ဆုံးမှာတော့ မြို့နယ်တရားရုံး က
စွဲချက်မတင်သင့်ဆိုပြီး၊ကောက်ချက်ချသွားတယ်လေ။ အခု ပန်းဖြူ ကခရိုင်အဆင့်၊
တိုင်းအဆင့်၊ ဗဟိုအဆင့်ဆင့်တတ်ဖို့ လုပ်နေတယ်တဲ့။
တရားဥပဒေဆိုတာ အမှန်တရားဘက်ကနေ အမြဲရပ်တည်တယ်ဆိုတဲ့ ၊ယုံကြည်မှု့
တွေရှိနေသေးတယ်တဲ့လေ။အဲဒီတော့ တရားဥပဒေက အမှန်တရားဘက်မှာရှိသလား။
အာဏာရှင်၊ငွေရှင်တွေဆီမှာရှိသလားဆိုတာ ထပ်ရလာမဲ့ သတင်းတွေကို
ဆက်လက်ဖေါ်ပြပေးမှာဖြစ်သလိ၊ု
ဇော်ဝင်းရှိန်ရဲု့ပေးကမ်းရက်ရောမှု့ တွေကိုလည်း တစ်ပေါင်းတည်းပြောပြမယ်နော်။
ကျွန်တော့်အနေနဲ့ ဒီသတင်းကြားပြီးတဲ့အခါမှာ
တစ်ခုဘဲ၊ အကြံ ပြုချင်တယ်။ ဒီလို တရားရေးကို
လုပ်ချင်တိုင်း၊လုပ်ခွင့်ရနေမယ်ဆိုရင်

“တရားရုံးတွေကို ဓါတ်ဆီဆိုင် တွေလိုပဲ ပုပ္ပလိကပြောင်းပေးလိုက်သင့်ပြီ”
ဟုအကြံပေးလိုက်ချင်ပါတော့တယ်။


ငွေမက်တဲ့မိန်းခလေးတွေ သင်ခန်းစာယူစရာပါပဲ ၊
ပိုက်ဆံဒီလောက်ရှိပြီး ကိုယ့်ကိုကိုယ် သ နေနိုင်တာတောင်
ဒီရုပ်ထွက်နေတဲ့ကောင်ကို ဘာကြည့်ကြိုက်တာလဲ ရှင်းနေတာပဲ။




--
Thks & B,rgds,
Thit Thit

1 comment:

  1. hello my friend! warm greeting ^^!
    your blog looks nice 0_0

    by the way,
    if you need to find unique fonts, you can go to our website.

    best regards;

    ReplyDelete