FEC ဈေးနှင့် earning ဈေးများ နာရီပိုင်းအတွင်း ထိုးဆင်းနေကြောင်း သိရှိရသည်။ စက်တင်ဘာလ ၉ ရက် နေ့ FEC ဈေးနှုန်းများမှာ တစ်ယူနစ်လျှင် ၇၄၀ အထိကျဆင်းနေကြောင်း နှင့် အလားတူပင် earning(ပြည်ပပို့ ကုန်မှရငွေ)ဈေးမှာလည်း ၈၉၅ ၀န်းကျင်တွင်ရှိနေကာ အမေရိကန်ဒေါ် လာဈေး ၉၁၀ ၀န်းကျင်တွင် ရှိနေကြောင်း သိရှိရသည်။
"အခု အမေရိကန်ဒေါ်လာ တန်ဖိုးကျတယ် ဆိုတာထက် FEC နဲ့ earning ဈေးကျတာက သိပ်ကိုမြန် လွန်းနေတယ်။ နာရီပိုင်းအတွင်း တောင်တစ်နာရီနဲ့ တစ်နာရီမတူညီဘူး။ လွန်ခဲ့တဲ့ တစ်ပတ်က FEC ဈေး က ၈၉၀ လောက်အထိရှိသေး တယ်။ ရက်ပိုင်းအတွင်း ထိုးဆင်းလာတော့ FEC အ၀ယ်ဒိုင်တွေက အခု ၀ယ်ယူမှု မရှိတော့အောင် ယုံကြည်မှု ကျဆင်းသွားပါတယ်" ဟု FEC အ၀ယ်ဒိုင်တစ်ခုက ပြောပြခဲ့သည်။
အလားတူ earning ဈေးနှုန်းများလည်း ကျဆင်းနေသည့်အတွက် ပြည်ပပို့ကုန်တင်ပို့သူများ စိတ်ဓာတ်ကျဆင်းနေကြောင်း "earning ဈေး က ၁၀၀၀ ၀န်းကျင်လောက်ဆိုရင် တောင်ပို့ကုန်ပို့ရတာ အဆင်မပြေဘူး။ အခုက ၈၉၅ ကျပ်လောက်ဆိုတော့ အခြေအနေက ဘယ်လိုပြောရမှန်းတောင် မသိတော့ဘူး။ အဓိက ကတော့ အိမ်နီးချင်းနိုင်ငံတချို့ ဈေးကစားလို့ဖြစ်တာပါ။ ပြီးတော့ ကျောက်စိမ်းရောင်းရ ၀င်ငွေတွေက ၃ လအတွင်း earning အဖြစ်ပြန်ဝင်နေတယ်။ အခု ပို့ကုန်က စာချုပ်ချုပ်ပြီးသားတွေကတော့ ပို့ရမှာပဲ။ ရောင်းလို့ပြန်ရတဲ့ငွေကို ဖော်ရင်သာအောက်ဈေးနဲ့ ဆိုတော့ အဆင်မပြေလှပါဘူး"ဟု လုပ်ငန်းရှင်တစ်ဦးကလည်း ပြောပြခဲ့သည်။
စက်တင်ဘာလ ၆ ရက်နေ့ တွင် FEC ပေါက်ဈေးမှာတစ်ယူနစ် လျှင် ၈၆၀ ကျပ်၊ earningဈေးမှာ ၉၆၇ ကျပ်နှင့် အမေရိကန်ဒေါ်လာ ဈေး ၉၆၅ ကျပ်မှ ၃ ရက်အတွင်း အမေရိကန်တစ်ဒေါ်လာ ၅၀ ၀န်းကျင်နှင့် earning ဈေး ၆၅ ကျပ်ဝန်းကျင်နှင့် FEC ဈေးမှာ ၁၀၀ ၀န်းကျင် ဆင်းသက်လာခဲ့ကြောင်း သိရှိရသည်။
No comments:
Post a Comment